မေးလေ့ရှိသော မေးခွန်းများ
BMG Myanmar နှင့် ပတ်သက်ပြီး သိလိုသမျှကို တစ်နေရာတည်းတွင် ရှာဖွေလိုက်ပါ
BMG Myanmar နဲ့ ပတ်သက်၍
A1: BMG Myanmar (Billionaire Minds Group Co.,Ltd) ဆိုတာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Digital Music Distribution နဲ့ Artist Development ကုမ္ပဏီတစ်ခုပါ။ ကျွန်တော်တို့က မြန်မာအနုပညာရှင်တွေရဲ့ သီချင်းတွေ၊ Music Video တွေကို Spotify, Apple Music, YouTube Music, Joox, Deezer အပါအဝင် ကမ္ဘာ့အဆင့်မီ Digital Streaming Platforms (DSPs) ပေါင်း ၁၅၀ ကျော်ဆီကို ဖြန့်ချိပေးပါတယ်။ ဒါ့အပြင် Artist တွေရဲ့ Brand တည်ဆောက်မှု၊ Digital Presence မြှင့်တင်မှုနဲ့ YouTube Monetization (ဝင်ငွေရှာဖွေခြင်း) စတဲ့ ဝန်ဆောင်မှုတွေကိုလည်း ပေးအပ်ပါတယ်။
A2: ကိုယ်ပိုင်သီချင်းတွေ ဒါမှမဟုတ် Music Video တွေ ဖန်တီးထားတဲ့ Artist များ၊ Band များ၊ Music Label များနဲ့ Content Creator များ လျှောက်ထားနိုင်ပါတယ်။ သင့်ရဲ့ ဖန်တီးမှုတွေရဲ့ မူပိုင်ခွင့်ကို သင်ကိုယ်တိုင် ပိုင်ဆိုင်ထားဖို့ ဒါမှမဟုတ် ဖြန့်ချိခွင့်ရှိဖို့က အရေးကြီးပါတယ်။
A3: BMG ကို ရွေးချယ်ခြင်းအားဖြင့် သင့်ရဲ့ မူပိုင်ခွင့်ကို ၁၀၀% အပြည့်အဝ ပိုင်ဆိုင်ထားရှိပြီး၊ Royalty ဝင်ငွေတွေကို ပွင့်လင်းမြင်သာစွာ ရရှိမှာပါ။ ကမ္ဘာအနှံ့ ဖြန့်ချိရေး၊ ပြည့်စုံတဲ့ Artist Development Support, YouTube Content ID နဲ့ OAC ဝန်ဆောင်မှုတွေအပြင် ဒေတာ ခွဲခြမ်းစိတ်ဖြာမှုတွေပါ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ဂီတလောကကို နားလည်တဲ့ ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ပိုပြီး နီးနီးကပ်ကပ် ပံ့ပိုးပေးနိုင်ပါတယ်။
ဝန်ဆောင်မှုများ (Services)
A4: Spotify, Apple Music, YouTube Music, Joox, Deezer, TikTok, Amazon Music, Tidal အပါအဝင် ကမ္ဘာတစ်ဝှမ်းက Digital Streaming Platform ပေါင်း ၁၅၀ ကျော်ကို ဖြန့်ချိပေးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်း Mobile Operator တွေဖြစ်ကြတဲ့ MPT, Ooredoo, Atom တို့ရဲ့ Caller Tunes (ဖုန်းမြည်သံ/ Ringback Tone) ဝန်ဆောင်မှုတွေမှာပါ ထည့်သွင်းဖြန့်ချိပေးပါတယ်။
A5: ဟုတ်ကဲ့၊ ပေးပါတယ်ခင်ဗျာ။ သင့်ရဲ့ Music Video တွေကို Vevo လိုမျိုး Premium Video Platform တွေအပါအဝင် YouTube Music မှာပါ ဖြန့်ချိပေးပါတယ်။
A6: YouTube Content ID ဆိုတာ သင့်ရဲ့ မူပိုင်ခွင့်ရှိတဲ့ ဂီတ (အသံရော၊ ဗီဒီယိုပါ) ကို YouTube ပေါ်မှာ တခြားသူတွေက ခွင့်ပြုချက်မရှိဘဲ ပြန်လည်အသုံးပြုနေတာမျိုးတွေရှိရင် အလိုအလျောက် ရှာဖွေဖော်ထုတ်ပေးတဲ့ စနစ်ပါ။ ဒီစနစ်ကနေ သင့်ရဲ့ဖန်တီးမှု မူပိုင်ခွင့်ကို ကာကွယ်ပေးပြီး သင်ရထိုက်တဲ့ ကြော်ငြာဝင်ငွေ Royalty တွေကိုပါ ပြန်လည်တောင်းဆိုပေးပါတယ်။
A7: ဟုတ်ကဲ့၊ ကူညီပေးပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ Artist Relations & Growth Department ကနေတစ်ဆင့် YouTube Official Artist Channel (OAC) ရရှိဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို အစကနေ အဆုံးထိ ကူညီဆောင်ရွက်ပေးပါတယ်။ OAC ရရှိခြင်းအားဖြင့် သင့် Channel က ပိုပြီး Professional ဆန်လာပြီး Fan တွေကလည်း သင့်ရဲ့တရားဝင် Content တွေကိုပဲ ကြည့်ရှုနေတာဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
Royalty ပေးချေမှုနှင့် ဝင်ငွေရရှိမှု
A8: သင့်သီချင်းတွေကနေ ရရှိတဲ့ Royalty ဝင်ငွေတွေကို လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် (သတ်မှတ်ထားတဲ့ အနိမ့်ဆုံးငွေပမာဏ ပြည့်မီရင်) BMG ကနေ အသေးစိတ် Report နဲ့ ပြသပြီး KBZ Bank မှတစ်ဆင့် မြန်မာကျပ်ငွေနဲ့ တိုက်ရိုက်ပေးချေပါတယ်။
A9: ဟုတ်ကဲ့၊ မှန်ပါတယ်ခင်ဗျာ။ BMG Myanmar နဲ့ လက်တွဲတဲ့ Artist တိုင်းဟာ သူတို့ရဲ့ ဂီတမူပိုင်ခွင့်ကို တစ်ပြားမှ မလျော့ဘဲ ၁၀၀% အပြည့်အဝ ပိုင်ဆိုင်ထားရှိခွင့် ရှိပါတယ်။ ကျွန်တော်တို့က သင့်ရဲ့ဝင်ငွေ ရပိုင်ခွင့်ထဲကနေ ဝန်ဆောင်မှုအခကြေးငွေအနေနဲ့ သဘောတူထားတဲ့ ရာခိုင်နှုန်းတစ်ခုကိုသာ ရယူတာဖြစ်ပြီး မူပိုင်ခွင့်ကို လုံးဝ လက်ဝါးကြီးအုပ်ခြင်း မရှိပါဘူး။
A10: YouTube Partner Program (YPP) ထဲ ဝင်ရောက်နိုင်အောင် လိုအပ်တဲ့ စည်းကမ်းချက်တွေ ပြည့်မီဖို့ လမ်းညွှန်ပေးပါတယ်။ ဒါ့အပြင် YouTube Content ID စနစ်နဲ့ သင့် Content တွေကို ကာကွယ်ပြီး တခြား Channel တွေကနေ အသုံးပြုထားတာတွေရှိရင်လည်း Royalty ဝင်ငွေတွေ ပြန်လည်တောင်းဆိုပေးပါတယ်။
Artist Development နှင့် Data
A11: ကျွန်တော်တို့ရဲ့ Artist Development ဝန်ဆောင်မှုမှာ Digital Presence တည်ဆောက်ခြင်း၊ Social Media မဟာဗျူဟာများ ချမှတ်ရာတွင် ကူညီခြင်း၊ YouTube Official Artist Channel (OAC) ရရှိရန် ဆောင်ရွက်ပေးခြင်းနှင့် Spotify for Artists ကဲ့သို့သော Artist Page Claiming များအတွက် ပံ့ပိုးကူညီခြင်းတို့ ပါဝင်ပါတယ်။
A12: သင့်သီချင်းတွေ ဘယ်သူတွေ နားထောင်လဲ၊ ဘယ်နေရာက နားထောင်လဲ စတဲ့ Stream Data တွေကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် သင့်ရဲ့ပရိသတ်ကို ပိုမိုနားလည်နိုင်ပါတယ်။ ဒီအချက်အလက်တွေကနေ နောက်ထပ် ဘယ်လိုသီချင်းမျိုးတွေ လုပ်သင့်လဲ၊ ဘယ် Marketing Strategy ကို ချမှတ်သင့်လဲ စတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အထောက်အကူပြုပါတယ်။
သင့်မေးခွန်းအတွက် အဖြေရှာမတွေ့သေးဘူးလား?
ကျွန်ုပ်တို့၏ အကူအညီပေးရေးအဖွဲ့မှ သင့်အားကူညီရန် အသင့်ရှိပါသည်။ အသေးစိတ်သိရှိလိုသည်များကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်